ဘဝမှာ အောင်မြင်ဖို့
ဒီမှာပဲ စတင်လိုက်ပါ
အင်္ဂလိပ်စာ ဆရာအတတ်သင် သင်ရိုးများ
English Language Learning
IELTS ဖြေဆိုရန် လိုအပ်ချက်တွေ ဖြစ်တဲ့ Engliah စာ 4 skills အပြင် Grammar ကိုပါ လေ့လာသင်ယူနိုင်ခြင်း နှင့် ပထမနှစ်က စတင်၍ native အဂ်လိပ်စာ ဆရာ များနှင့် တိုက်ရိုက်သင်ကြားနိုင်သော အခွင့်အရေးများရရှိပြီး english အပြောစွမ်းရည်၌ မိမိကိုယ်ကို ပိုမိုယုံကြည်မှု များ ရရှိနိုင်ပါမည်။
လုပ်ငန်းခွင်သုံး ကွန်ပျူတာ skill များ
ယနေ့ ခေတ် ၏ လုပ်ငန်းခွင်တွင် အလွန်အရေးပါလှသော Microsoft programs (Word,Excel, Powerpoint, One Note) , Design (Photoshop, Illustrator, Indesign), video editing and website creation တို့ကို တစ်နေရာတည်းတွင် လေ့လာသင်ယူနိုင်မည်ဖြစ်သည်။
ဦးဆောင်နိုင်မှု စွမ်းရည် များ
Leadership သင်ခန်းစာ ကို သင်ယူခြင်းဖြင့် လူငယ်တွေ သည် မိမိကိုယ်ကို တိုးတတ်ကြီးပွားအောင် ဆောင်ရွက်နိုင်ခြင်းအပြင် မိမိပတ်ဝန်းကျင်ရှိ အခြားသူများကိုပါ ဦးဆောင်နိုင်သော အရည်အချင်းများကို ရရှိပြီး ယနေ့ နိုင်ငံ၏လိုအပ်ချက်ဖြစ်သော ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန် နှင့် ဦးဆောင်မှု နည်းပညာ များကိုပါ တစ်နေရာတည်းတွင် လေ့လာသင်ယူနိုင်မည် ဖြစ်သည်။
ဂီတပညာ
ACMI မှာ ဂီတပညာကိုလည်း လေ့လာနိုင်မှာဖြစ်တယ်။ လူတိုင်းက ကျော်ကြားတဲ့ ဂီတပညာရှင်တွေတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဂီတကို လေးစားတန်ဖိုးထားနိုင်လာပြီး ဘဝနေထိုင်မှု အဆင့်အတန်းတွေပါ တိုးတတ်မြင့်မားလာနိုင်မည်ဖြစ်သည်။ အဲ့ဒါတွေကြောင့် ACMI မှာ ဂီတရဲ့ အခြေခံသီအိုရီတွေနဲ့ သံစဥ်တွေ ကို ဘယ်လိ ုဖတ်မယ်၊ သီချင်း ဘယ်လိုဆိုမယ်၊ အုပ်စုလိုက် ဘယ်လိုသီဆိုမယ် နဲ့ တူရိယာပစ္စည်းများနှင့်လည်း ရင်းနှိးကျွမ်းဝင်နိုင်မှာဖြစ်ပါတယ်။